အိမ်သစ်တက်မင်္ဂလာတရား
☸☸☸☸☸☸☸☸☸☸☸☸
အိမ်သစ်တက်မဂ်လာ ပြုလုပ်တဲ့အခါမှာ ပြုလုပ်ပုံပြုလုပ်နည်းကို
မြတ်စွာဘုရားက ဝိနည်းမဟာဝါ ပါဠိတော်မှာ လမ်းညွှန်ထားပါတယ်။
"ယသ္မိံ ပဒေသ ကပ္ပေတိ၊ဝါသံ ပဏ္ဍိတဇာတိယော "
ပစ္စုပ္ပန်၊သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာသိမြင်သော ပညာရှိအမျိုးကောင်းသား၊အမျိုးကောင်း
သမီးသည် အကြင်မြို့ရွာ၌ အိမ်သစ်၊တိုက်သစ်ဆောက်လုပ်ပြီး အိမ်သစ်တက်မဂ်လာပြုလုပ်တော့မယ်
ဆိုရင်
အစီအစဉ် ၂ ခုပြောတယ်။
၁။ ရှေးဦးစွာ ဘာလုပ်ရမလဲ ဆိုတော့---
"သီလဝန္တေတ္ထ ဘောဇတွာ၊သညတေ ဗြဟ္မာစာရယော"
သီလရှိသော သံဃာတော်အရှင်သူမြတ်တွေကို မိမိတို့အိမ်ဂေဟာသို့ပင့်ဖိတ်ပြီး ဆွမ်း၊ဘောဇဉ်စသည်တို့ကို လှူဒါန်းပါ။
(က) ဘယ်ကုသိုလ် တွေရနိုင်သလဲ…..
ဆွမ်းခဲဖွယ်ဘောဇဉ်တွေလှူဒါန်းရင် ဒါနကုသိုလ်တွေ
ရမယ်၊သီလခံယူဆောက်တည်တော့ သီလကုသိုလ်တွေရမယ်၊
သံဃာတော်အရှင်သူမြတ်တွေ
ရွတ်ဖတ်သရဇ္ဈာယ်ပရိတ်တရားတော် (ကမ္မဝါစာဒေသနာတော်)တို့ကို နာကြားရတော့ ဓမ္မဿဝန ဘာဝနာကုသိုလ် ရမယ်။
(ခ)ဘာကောင်းကျိုးတွေရနိုင်သလဲ
အဲလို ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ကောင်းမှုတွေပြုလိုက်တဲ့အခါ ဆွမ်းလှူအကျိုးငါးမျိုး သီလအကျိုး တရားနာရကျိုး
မိမိတို့နေအိမ်ဟာ ကုသိုလ်မဂ်လာ၊ကျက်သရေမဂ်လာတွေနဲ့ ပြည့်စုံပြီးတော့ ဘေးဥပါဒ်အန္တရာယ်တွေ
ကင်းရှင်းသွားပါလိမ့်မယ် တဲ့။
(၂ ) အစီအစဉ်အရ ဘာလုပ်ရမလဲဆိုရင်
အိမ်နီးချင်းတွေကို လက်ဆောင်ပေး မိတ်ဆွေဖွဲ့ဖို့လိုသလို. နတ်တွေကိုလည်း မိတ်ဆွေဖွဲ့တဲ့အနေနဲ့ ကုသိုလ်လက်ဆောင်ပေးရမယ်
၁။ နတ်ပူဇော်နည်း
"ယာ တတ်ထ ဒဝေတါ အာသုံ၊တာသံ ဒက်ခိဏမာဒိသေ"
အဲလိုအိမ်သစ်တက်မဂ်လာကိုအကြောင်းပြုပြီးတော့အိမ်ရှင်မိသားစုများလှူဒါန်းထားတဲ့ ဒါနကုသိုလ်၊သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုတွေကို အိမ်မှာစောင့်ကြတဲ့ အိမ်စောင့်နတ်၊ကိုယ်မှာစောင့်ကြပ်တဲ့ကိုယ်စောင့်နတ် အစရှိတဲ့ နတ်မြတ်နတ်ကောင်းနတ်သူတော်
ကောင်းများတွေကိုမိမိတို့ ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကို အမျှပေးဝေပါတဲ့ဒါဟာ ဘုရားပေးတဲ့ နတ်ပူဇော်နည်းဖြစ်ပါတယ်။
အခုလူတွေငှက်ပျောပွဲ အုန်းပွဲတွေကြက်ကြော်တွေအရက်သေစာတွေနဲ့ ပူဇော်ပသနေကြတဲ့ အိမ်တွင်းမင်းမဟာဂီရိတို့၊ကိုကြီးကျော် တို့
မနှဲလေးတို့စတဲ့ နတ်တွေဟာ နတ်အစစ်တွေ မဟုတ်ကြပါဘူး။
လူတွေနတ်ကတော်တွေ နတ်လို့သမုတ်လို့ နတ်ဖြစ်နေကြတာပါ။
၂။ နတ်တွေထံမှ တုန့်ပြန်သော ပူဇော်မှု
"တာ ပူဇိတာ ပူဇယန္တိ၊မာနိတာ
မာနယန္တိ နံ"
အဲဒီလို မိမိတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှအတန်းပေးဝေပြီးတော့ ပူဇော်ကြတဲ့အတွက်
မြတ်နိုးကြတဲ့အတွက် အိမ်စောင့်နတ်စတဲ့ နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့ကလည်း
အိမ်ရှင်မိသားစုတွေကို ပြန်လည်ပြီးတော့ မြတ်နိုးပူဇော် စောင့်ရှောက်ပေးကြပါလိမ့်မယ် တဲ့။
ဒီနေရာမှာ သတိထားစရာတစ်ခုရှိတယ် ပူဇိတာတဲ့ နတ်တွေလည်း သာမာန်ပါပဲ
ဘယ်သူက ပိုမြတ်တယ် မမြတ်ဘူးဆိုတာကတော့ ကိုယ်ကျင့်သီလပေါ်မှာ မူတည်တယ်။
(ခ) စောင့်ရှောက်ပေးသောအရာများ
ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်တွေမကျရောက်ရလေအောင် တားမြစ်ဖယ်ရှားပြီးတော့ လောကီကောင်းကျိုးစီးပွားတွေ ဖြစ်ထွန်းအောင် အိမ်ရှင်မိသားစုတွေကို ပြန်လည်ပြီးတော့ မြတ်နိုးပူဇော် စောင့်ရှောက်ပေးကြပါလိမ့်မယ် တဲ့။
(ခ) စောင့်ရှောက်ပုံ
"တတော နံ အနုကမ္ပေန္တိ၊မာတာပုတ္တံဝ သြရသံ"
ဥပမာအားဖြင့် မိခင်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ မိမိရင်မှမွေးဖွားလာတဲ့ ရင်နှစ်သီးချာသားရတနာလေးကို ဘေးဥပါဒ်အန္တရာယ်ရန်အသွယ်သွယ်များမကျရောက်ရလေအောင်
အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်သလိုပဲ တဲ့။
မိမိတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှအတန်းပေးဝေပြီးတော့ ပူဇော်ခံထားရတဲ့ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတွေကလည်း အိမ်ရှင်မိသားစုတွေကို မေတ္တာရှေ့ထားပြီးတော့
စောင့်ရှောက်ပေးကြပါလိမ့်မယ် တဲ့။
(ဂ) ကောင်းကျိုးပေးသော အချိန်ကာလ
"ဒေဝတါနုကမ္ပိတော ပေါသော၊သဒါ ဘဒြာနိ ပဿတိ"
နတ်မြတ်နတ်ကောင်း နတ်အပေါင်းများရဲ့ အစောင့်အရှောက်ကိုခံရတဲ့
အိမ်ရှင်အမျိုးကောင်းသား/သမီးမိသားစုအပေါင်းသည် နေ့ရောညပါဘယ်ခါ မတိမ်း အခါခပ်သိမ်းဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်တွေ ကင်းရှင်းပြီးတော့ကောင်းကျိုးချမ်းသာစီးပွားဥစ္စာရတနာတွေနဲ့ ပြည့်စုံအကျိုးကို
ရရှိနိုင်ပါတယ် တဲ့။
မိမိတို့လုပ်တဲ့ကုသိုလ်က ချက်ခြင်းအကျိုးမပေးနိုင်သှေးတော့ နတ်တွေရဲ့အကူညီကိုမျှော်လင့်ရတာပဲ
သူတို့ကြတော့ ကုသိုလ်အမျှတွေ ချက်ခြင်းရတာ စောင့်ရှောက်လို့ပျော်တာပေါ့ တန်တယ်လို့ပြောရမှာပဲ။ စောင့်ရှောက်ရတာ။
မြတ်စွာဘုရားဟောကြား အိမ်သစ်တက်တရား
--------------------------
မြတ်စွာဘုရားသက်တော်ထင်ရှားရှိတော်မူစဉ်အခါကဗိမ္ဗိသာရမင်းကြီးရဲ့ ဝဿကာရအမတ်ချုပ်ကြီးရဲ့ သုနိဓအမတ်ကြီးတို့ဟာ ရာဇဂြိုဟ်ပြည်နဲ့ ဝေသာလီပြည်ကြားမှာပါဋလိပုတ်မြို့သစ်ကို
တည်ဆောက်ကြပါတယ်။ပါဋလိပုတ်မြို့သစ်ကိုမြို့ကွက် ပန္နက်ရိုက်သည့်အခါ မှာ နတ်များက ကြိုတင်နေရာယူထားကြပါတယ်။
တန်ခိုးကြီးတဲ့ နတ်များယူတဲ့နေရာဟာ တန်ခိုးကြီးတဲ့ မင်း၊အမတ်များနေထိုင်ရာရပ်ကွက်ဖြစ်လာပါတယ်။တန်ခိုးအလတ်စားနတ်တို့နေရာယူတဲ့နေရာ မှာ တန်ခိုးအလတ်စားလူများ နေထိုင်ရာရက်ကွက်ဖြစ်လာပါတယ်။
တန်ခိုးသေးငယ်တဲ့ နတ်များ
နေရာယူထားတဲ့ နေရာမှာ ဆင်းရဲသားများနေထိုင်တဲ့ ရက်ကွက်ဖြစ်လာပါတယ်။
ဒီနေရာမှာ မိမိ သိထားရမှာက လူတွေနေဖို့ အိမ်ဆောက်ဖို့ ကွက်သစ်ချဖို့လုပ်ကတည်းက နတ်တွေဆိုတာ တစ်ခါတည်းပါလာပြီးသား နေရာယူထားပြီးသား။ ကြိုတင်ရှိနေပြီးသား
သူတို့နဲ့တည့်ဖို့ပဲလိုတယ်။ နတ်ကောင်းစောင့်ရှောက်တာခံချင်ရင် ကိုယ်ကကောင်းအောင်နေ
နတ်တွေက ဘာကြောင့်ဒီလိုနေရာယူရတာလဲဆိုတော့ "ဒီနေရာမှာလူတွေအိမ်ဆောက်ပြီးနေရင်ရှေးဦးစွာရဟန်းတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းစသည်ဆက်ကပ်လှူဒါန်းကြလိမ့်မယ်။သံဃာတော်အရှင်သူမြတ်တွေကလည်း ပရိတ်တရားတော်တွေကို ရွတ်ဖတ်ချီးမြှင့်ကြလိမ့်မယ်။အဲဒီအခါမှာ အိမ်ရှင်တွေနဲ့ အတူ ငါတို့လည်း ရဟန်းတော်တွေကို ဖူးမြှော်ရပြီး ပရိတ်တရားတော်မြတ်တွေကို နာယူရလိမ့်မယ်။
အိမ်ရှင်တွေက အိမ်သစ်တက်မဂ်လာကိုအကြောင်းပြုပြီးတော့လှူဒါန်းပြုလုပ်ထားတဲ့ဒါနကောင်းမှု၊ဆောက်တည်ထားတဲ့သီလကောင်းမှု၊နာကြားထားတဲ့ဓမ္မဿဝနဘာဝနာကောင်းမှုကုသိုလ်တွေကိုလည်း ငါတို့ကို အမျှအတန်းပေးဝေကြလိမ့်မယ် လို့
အကြံအစည်ဖြစ်ပြီး ကြိုတင်နေရာယူထားကြပါတယ်။
မြို့သစ်တည်ပြီးသည့်အခါ ဝဿကာရအမတ်ချုပ်ကြီးနဲ့ သုနိဓအမတ်ကြီးတို့ဟာ ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တွေကို
ပင့်ဖိတ်ပြီးဆွမ်းစသည်ဆက်ကပ်လှူဒါန်းပြီးတော့ ပရိတ်တရားတော်များကို နာကြားကြပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်က
"ယသ္မိံပဒေသေ ကပ္ပေတိ၊ဝါသံ
ပဏ္ဍိတဇာတိယော"အစရှိတဲ့ အနုမောဒနာကထာကို ဟောကြားတော်မူပါတယ်။
ဒါကြောင့် အိမ်သစ်တက်မဂ်လာတရားတော်ကို အကြောင်းပြုပြီး
မိမိတို့ လည်း အိမ်သစ်၊တိုက်သစ်
တက်မဂ်လာများပြုလုပ်ခဲ့ရင်ဖြစ်ဖြစ်၊မိမိတို့နေ့စဉ် လတိုင်း
လှူဒါန်းပြုလုပ်အားထုတ်ထားတဲ့ ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်ကောင်းမှုတွေကို အိမ်စောင့်နတ်စတဲ့ နတ်မြတ်နတ်ကောင်းနှင့်တကွ
၃၁-ဘုံ တွင်ကျင်လည်ကြတဲ့ လူ၊နတ်၊ဗြဟ္မာသတ္တဝါအပေါင်းတို့အား အမျှအတန်းပေးဝေကြရင်း
နိဗ္ဗာန်ချမ်းသာကို လျှင်မြန်စွာ