******************************************
အခါတစ်ပါး၌ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ သီတင်းသုံးစံပျော် နေတော်မူစဉ် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးဖြင့် လှူဒါန်းကြသော ဒါယကာ ဒါယိကာမတို့အား “ကိုယ်တိုင်လှူခြင်း သူတစ်ပါးကိုလည်း တိုက်တွန်းခြင်း၏ အကျိုးကျေးဇူးအကြောင်း” အနုမောဒနာတရား ဟောကြားတော်မူ၏။
၁။ ကိုယ်တိုင်သာ လှူ၊ မတိုက်တွန်းသူ၊ မှတ်ယူ ဥစ္စာများ၊ ခြွေရံပါး။
ဣဓေကစ္စော အတ္တနာ၀ ဒါနံ ဒေတိ၊ ပရံ န သမာဒပေတိ။
သော နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ဘောဂသမ္ပဒံ လဘတိ၊ နော ပရိဝါရသမ္ပဒံ။
လှူသာ လှူ၍ လှူဖို့ရန် မတိုက်တွန်းသောသူ - ဤသာသနာတော်၌ အချို့သောသူသည် မိမိသာလျင် အလှူကို လှူ၏။ သူတစ်ပါးကို မတိုက်တွန်း မနှိုးဆော်၊ ထိုသူသည် ဖြစ်လေရာရာ ဖြစ်လေရာရာဘဝ၌ စည်းစိမ်ပြည့် စုံခြင်းကို ရ၏။ အခြံအရံ ပြည့်စုံခြင်းကို မရ။
၂။ ကိုယ်တိုင်သာ မလှူ၊ တိုက်တွန်းသူ၊ မှတ်ယူခြွေရံများ၊ ဥစ္စာပါး။
ဧကစ္စော အတ္တနာ ဒါနံ န ဒေတိ၊ ပရံ သမာဒပေတိ။ သော နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ပရိဝါရသမ္ပဒံ လဘတိ၊ နော ဘောဂသမ္ပဒံ။
ကိုယ်တိုင်ကား မလှူ လှူဖို့ရန်သာ တိုက်တွန်းသောသူ - အချို့သောသူသည် မိမိကား အလှူကို မပေးလှူ၊ သူတစ်ပါးကိုကား တိုက်တွန်းနှိုးဆော်၏၊ ထိုသူသည် ဖြစ်လေရာရာ ဘဝ၌ အခြံအရံ ပြည့်စုံခြင်းကို ရ၏။ စည်းစိမ်ပြည့်စုံခြင်းကို မရ။
၃။ ကိုယ်တိုင် မလှူ၊ မတိုက်တွန်းသူ၊ မှတ်ယူ ဥစ္စာရှား၊ ခြွေရံပါး။
ဧကစ္စော အတ္တနာ စ န ဒေတိ၊ ပရဉ္စ န သမာဒပေတိ။ သော နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ နေဝ ဘောဂသမ္ပဒံ လဘတိ၊ န ပရိဝါရသမ္ပဒံ။ ဝိဃာသာဒေါ ဟုတွာ ဝိစရတိ။
ကိုယ်တိုင်လည်း မလှူ လှူဖို့ရန်လည်း မတိုက်တွန်းသောသူ - အချို့သောသူသည် မိမိလည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မတိုက်တွန်း မနှိုးဆော်၊ ထိုသူသည် ဖြစ်လေရာရာဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကိုလည်း မရ။ အခြံအရံ ပြည့်စုံခြင်းကိုလည်း မရ၊ စားကြွင်းစားသူ လူဆင်းရဲဖြစ်၍ လှည့်လည်ရ၏။
၄။ ကိုယ်တိုင်လည်း လှူ၊ တိုက်တွန်းသူ၊ မှတ်ယူဥစ္စာများ၊ ခြွေရံပွား။
ဧကစ္စော အတ္တနာ စ ဒေတိ၊ ပရဉ္စ သမာဒပေတိ။ သော နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ဘောဂသမ္ပဒေဉ္စဝ လဘတိ၊ ပရိဝါရသမ္ပဒဉ္စ။
ကိုယ်တိုင်လည်းလှူ လှူဖို့ရန်လည်း တိုက်တွန်းသောသူ - အချို့သောသူသည် မိမိလည်း ပေးလှူ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်းနှိုးဆော်၏၊ ထိုသူသည် ဖြစ်လေရာရာဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကိုလည်း ရ၏၊ အခြံအရံပြည့်စုံခြင်းကိုလည်း ရ၏ ဟု ဟောကြားခဲ့ပါသည်။
မြတ်စွာဘုရားရှင် ဟောကြားသော အနုမောဒနာတရား ဒေသနာကို နာကြားပြီးသောအခါ ကြောင်းကျိုးမြင်သိ ပညာရှိသော နိဗ္ဗာန်ဆော် အကျိုးဆောင်တစ်ယောက်သည်
“အဟော အစ္ဆရိယမိဒံ ကာရဏံ၊ အဟံ ဒါနိ ဥဘယသမ္ပတ္တိသံဝတ္တနိကံ ကမ္မံ ကရိဿာမီ”
ဤအကြောင်းသည် အံဖွယ်ရှိပါပေ၏။ ငါသည် ယခုအခါ၌ နှစ်ပါးသော အကျိုးနှင့် ပြည့်စုံခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုအံဟု အကြံဖြစ်၍ မြတ်စွာဘုရားအထံတော်ပါးသို့ သွား၍ ဘန္တေ သွေ အမှာကံ ဘိက္ခံ ဂဏှထာ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မနက်ဖြန် တပည့်တော်တို့၏ ဆွမ်းကို အလှူခံတော်မူပါဟု လျှောက်ထားလေ၏။
ကိတ္တကေဟိ ပန တေ ဘိက္ခူဟိ အတ္ထောတိ? သင်တို့အား ရဟန်းဘယ်နှစ်ပါး အလိုရှိသနည်း ပင့်လိုသနည်းဟု မေး၏။
သဗ္ဗဘိက္ခူဟိ ဘန္တေ။ ရဟန်းအားလုံးကို ပင့်လိုပါသည်ဟု လျှောက်ကြားလေ၏။
သတ္ထာ အဓိဝါသေသိ။ မြတ်စွာဘုရားရှင်သည် လက်ခံတော်မူ၏။ မြတ်စွာဘုရားရှင် ဆွမ်းအလှူကို လက်ခံသည်ကို သိရသည်ရှိသော် ပညာရှိ နိဗ္ဗာန်ဆော်သည် မြို့တွင်းသို့ ဝင်၍ -
''အမ္မတာတာ၊ မယာ သွာတနာယ ဗုဒ္ဓပ္ပမုခေါ ဘိက္ခုသံဃော နိမန္တိတော၊ ယော ယတ္တကာနံ ဘိက္ခူနံ သက္ကောတိ၊ သော တတ္တကာနံ ယာဂုအာဒီနံ အတ္ထာယ တဏ္ဍုလာဒီနိ ဒေတု၊ ဧကသ္မိံ ဌာနေ ပစာပေတွာ ဒါနံ ဒဿာမ''
အို မိခင် ဖခင်တို့ အကျနုပ်သည် မနက်ဖြန် ကောင်းမှုကုသိုလ် ပြုရန်အလို့ငှာ ဘုရားအမှူးပြုသော ရဟန်းသံဃာတော်များကို ပင့်ဖိတ်ခဲ့ပါပြီ။ မိမိတို့ တတ်နိုင်သလောက် တတ်စွမ်းသလောက် တစ်ပါးစာ တတ်နိုင်တတ်နိုင် နှစ်ပါးစာ တတ်နိုင်တတ်နိုင် ဆန်စသော လှူဖွယ်တန်းဖွယ်များကို စုပေါင်းလှူဒါန်း၍ တစ်နေရာရာတွင် ချက်ပြုတ်ပြီးသကာလ ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးကြကုန်အံ့ အလှူပေးကြပါကုန်အံ့ဟု နိဗ္ဗာန်အကျိုးမျှော် နိုးဆော်၍ လှည့်လည်လေ၏။
ထိုအခါ သူဌေးတစ်ဦးသည် ဘုရားအမှူးပြုသော ရဟန်းသံဃာတို့အား ဆွမ်းလှူဒါန်းကြပါကုန်စို့ဟု ဟစ်အော် ကြွေးကြော် နိဗ္ဗာန်ဆော်၍ နိုးဆော်တိုက်တွန်းနေသော ပညာရှိ နိဗ္ဗာန်ဆော် ခြံဝင်းတံခါးဝသို့ ရောက်လာသည်ရှိသော် -
''အယံ အတ္တနော ပဟောနကေ ဘိက္ခူ အနိမန္တေတွာ ပန သကလဂါမံ သမာဒပေန္တော ဝိစရတိ'' ဤသူသည် မိမိတတ်စွမ်းသလောက် နိုင်သလောက် ရဟန်းသံဃာတော်တွေကို မပင့်ဖိတ်ပဲ အရပ်ကူပါ လူဝိုင်းပါ၊ တစ်မြို့လုံး ဟစ်အော် နိုးဆော်၍ လှည့်ပတ်နေချေ၏ ဟု အမြက်ထွက်၍ စိတ်ဆိုးမာန်ဆိုးဖြင့် ဆန်အနည်းငယ်ကို၎င်း၊ ပဲနောက် ပဲလွန်းတို့ကို၎င်း တီဟိ အဂုၤလီဟိ - လက်သုံးချောင်းတို့ဖြင့် ကော်၍ ပေးလှူ၏။
ထောပတ် တင်လဲတို့ကို ပေးလှူသော်လည်း ကြုတ်အဖုံးကို အိုးထဲထည့်၍ ထောင့်နား၌ ကပ်ထားပြီးလျှင် အပေါက်ပေါက် ယိုစိမ့် ယိုထွက်စေ၍ အကပ်သနပ် နည်းငယ်မျှကိုသာ ပေးလှူ၏။
ထိုအခါမှစ၍ ထိုသူဌေးသည် ကြောင်၏ခြေသည်း လက်သည်းနှင့်တူစွာ အလှူဝတ္ထုကို လက်သုံးချောင်းဖြင့် ကော်ယူ၍ ပေးလိုက်ခြင်းကြောင့် ဗိဠာလပဒကသေဋ္ဌိ - ဗိဠာလပဒကသူဌေးဟု အမည်တွင်လေ၏။
ပညာရှိ နိဗ္ဗာန်ဆော်သည် ဗိဠာလပဒကသူဌေးလှူဒါန်းသော ဆန် ပဲ ထောပတ် ဆီတို့ကို အခြားအလှူရှင်များ လှူဒါန်းထားသော ပစ္စည်းများနှင့် မရောနှောပဲ သီးသန့်ခွဲ၍ သယ်ယူခဲ့၏။
ဗိဠာလသူဌေးသည် ပညာရှိ နိဗ္ဗာန်ဆော်၏ အပြုအမူကို မြင်သည်ရှိသော် - ''ကိံ နု ခေါ ဧသ မယာ ဒိန္နံ ဝိသုံ ဂဏှာတိ'' ဤသူသည် ငါလှူသော လှူဖွယ်ပစ္စည်းများကို တစ်သီးတခြားပြု၍ အဘယ်ကြောင့် ယူသနည်းဟု ကြံ၍ တပည့်တစ်ယောက်အား နိဗ္ဗာန်ဆော်နောက်သို့ လိုက်ခိုင်း၍ နိဗ္ဗာန်ဆော်၏ အပြုအမူများကို စုံစမ်းရန် နောက်ယောင်ခံ လွတ်လိုက်၏။
ပညာရှိ နိဗ္ဗာန်ဆော်သည် အလှူမဏ္ဍပ်သို့ ရောက်သည်ရှိသော် ဗိဠာလသူဌေးအား အလှူအကျိုးများစေရန် စိတ်ရည်သန်၍ ဗိဠာလသူဌေးလှူဒါန်းခဲ့သော ဆန်များ၊ ပဲနှောက်၊ ပဲလွန်းများကို တစ်အိုးလျှင် ၂ စေ့၊ ၃ စေ့ နှုန်းဖြင့်၎င်း၊ ထောပတ် ဆီ ထင်လဲတို့ကိုလည်း တစ်အိုးလျှင် တစ်စက် တစ်ပေါက်နှုန်းဖြင့်၎င်း ဖြန့်ကျက်၍ အိုးစေ့အောင် လောက်ငှအောင် ထည့်၏။
သူဌေး၏ တပည့်လူယုံသည် ပညာရှိနိဗ္ဗာန်ဆော်၏ အပြုအမူများကို လုပ်ဆောင်ချက်အားလုံးကို ဗိဠာလသူဌေးအား အကြောင်းကြား၏။ ဗိဠာလသူဌေးသည် -
-- ''သစေ မေ သော ပရိသမဇ္ဈေ အဝဏ္ဏံ ဘာသိဿတိ၊ မမ နာမေ ဂဟိတမတ္တေယေဝ နံ ပဟရိတွာ မာရေဿာမိ'' ထိုနိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ ငါ၏ ကျေးဇူးမဲ့ကို ငါ့မကောင်းကြောင်းကို အကယ်၍ ပြောကြားခဲ့ပါက ငါ့နာမည်ကို ခေါ်ကာမျှဖြင့် နိဗ္ဗာန်ဆော်ကို ရိုက်ပုတ် ထောင်းထု၍ ရိုက်သတ်မည်ဟု ကြံစည်လျှက် ပုဆိုးကြား၌ ဓားငယ်ကို ဝှက်၍ နောက်တစ်နေ့မနက် အလှူမဏ္ဍပ် ဆွမ်းစားဇရပ်သို့ သွားလေ၏။
မြတ်သော နိဗ္ဗာန်ဆော်သည် ဘုရားအမှူးပြုသော ရဟန်းသံဃာများကို ဆွမ်းလှူဒါန်းလျက် -
''ဘန္တေ၊ မယာ မဟာဇနံ သမာဒပေတွာ ဣမံ ဒါနံ ဒိန္နံ၊ တတ္ထ သမာဒပိတမနုဿာ အတ္တနော အတ္တနော ဗလေန ဗဟူနိပိ ထောကာနိပိ တဏ္ဍုလာဒီနိ အဒံသု၊ တေသံ သဗ္ဗေသံ မဟပ္ဖလံ ဟောတု''
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် လူများစွာတို့ကို နိုးဆော်တိုက်တွန်း၍ ဤအလှူကို လှူဒါန်းပါ၏။ လူများစွာတို့သည်လည်း သဒ္ဓါတရား နည်းများမဟူ ဆန်စသည်တို့ကို တတ်စွမ်းသလောက် ထည့်ဝင်လှူဒါန်းကြပါကုန်၏။ လှူဒါန်းကြသော အလှူရှင်အားလုံးတို့အား အကျိုးကြီးကြီးမားမား ဖြစ်ပါစေဘုရားဟု လျှောက်ကြားလေ ဆုတောင်းလေ၏။
နိဗ္ဗာန်ဆော်၏ ဆုတောင်းစကားကို ကြားသော ဗိဠာလသူဌေးသည် ''အဟံ 'အသုကေန နာမ အစ္ဆရာယ ဂဏှိတွာ တဏ္ဍုလာဒီနိ ဒိန္နာနီတိ မမ နာမေ ဂဟိတမတ္တေ ဣမံ မာရေဿာမိ' ငါသည် ‘ဤမည်သောသူသည် ဆန်စသည်တို့ကို လက်ဆွမ်းလက်ခုပ်ဖြင့် လက်သုံးချောင်းတို့ဖြင့် ကော်၍ ပေးလှူ၏’ဟု ငါ့နာမည်ကို ခေါ်ကာမျှဖြင့်ပင် ဤနိဗ္ဗာန်ဆော်ကို သတ်မည်ဟူသောအကြံဖြင့် လာလေ၏။
နိဗ္ဗာန်ဆော်သည်ကား အလှူရှင်အားလုံးတို့အား အကျိုးများသည်ကို ဖြစ်စေလို၍ ချီးမွှန်းလို၍ ချီးမြင့်လို၍ -
'ယေဟိပိ နာဠိအာဒီဟိ မိနိတွာ ဒိန္နံ၊ ယေဟိပိ အစ္ဆရာယ ဂဟေတွာ ဒိန္နံ၊ သဗ္ဗေသံ မဟပ္ဖလံ ဟောတု' အလှူရှင်အချို့သည် ပြည်တောင်းစသည်တို့ဖြင့် ခြင်၍ လှူဒါန်းကြ၍ အချို့အလှူရှင်တို့သည်လည်း တလက်ဆွမ်းဖြင့် ကော်ယူ၍ လှူဒါန်းကြကုန်၏။ ထိုသူတို့အားလုံး အလှူရှင်အားလုံး အကျိုးများပါစေဘုရားဟု နိဗ္ဗာန်ဆော်၏ ဆုတောင်းသံ ကြားသည်ရှိသော် ဗိဠာလသူဌေးသည် -
“သစာဟံ ဧဝရူပံ န ခမာပေဿာမိ၊ ဒေဝဒဏ္ဍော မမ မတ္ထကေ ပတိဿသိ'' ငါသည် ဤသို့သဘောရှိသော မြတ်သော ပညာရှိ သူတော်ကောင်း နိဗ္ဗာန်ဆော်ကို အကယ်၍ မကန်တော့ မတောင်းပန်သည်ရှိသော် ငါ့ခေါင်းပေါ် မိုးကြိုးလောင်မီးကျလိမ့်မည်ဟု စိတ်အကြံဖြစ်၍ သူဌေးသည် နိဗ္ဗာန်ဆော်၏ ခြေရင်းသို့ ဝပ်ဆင်း၍ အမောင်နိဗ္ဗာန်ဆော် ငါ့အား သည်းခံ ခွင့်လွတ်ပေးပါဟု ရှိခိုးတောင်းပန်၍ အကြောင်းအကျိုးကို အကြောင်းစုံကို ပြောကြားလေ၏။
ဗိဠာလသူဌေး နှင့် နိဗ္ဗာန်ဆော်တို့၏ အခြေနေကို မြင်သော မြတ်စွာဘုရားရှင်သည် အကြောင်းစုံ သိလို၍ နိဗ္ဗာန်ဆော်အား မေးသည်ရှိသော် နိဗ္ဗာန်ဆော်သည်လား အကြောင်းစုံကို မြတ်စွာဘုရားအား လျှောက်ကြားတော်မူ၏။
''ဥပါသက၊ ပုညံ နာမ 'အပ္ပက'န္တိ န အဝမညိတဗ္ဗံ၊ မာဒိသဿ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ ဒါနံ ဒတွာ 'အပ္ပက'န္တိ န အဝမညိတဗ္ဗံ။ ပဏ္ဍိတမနုဿာ ဟိ ပုညံ ကရောန္တာ ဝိဝဋဘာဇနံ ဝိယ ဥဒကေန အနုက္ကမေန ပုညေန ပူရန္တိယေဝါ''တိ
ဒါယကာ သူဌေး ကောင်းမှုမည်သည်ကို အနည်းငယ်တကားဟု မအောက်မေ့သင့်၊ ငါဘုရားကဲ့သို့သော ဘုရားအမှူးပြုသော ရဟန်းသံဃာအား အလှူ ပေး၍ အနည်းငယ်ဟု မမှတ်ထိုက်။ ပညာရှိတို့သည် ကောင်းမှုကို ပြုသည်ရှိသော် ဟင်းလင်းအဝရှိသောအိုသည် ရဖြင့် ပြည့်သကဲ့သို့ အစဉ်အတိုင်း ဆည်းပူးအပ်သော ကောင်းမှုဖြင့် ပြည့်ကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍
မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒု နိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။
အနည်းငယ်သော ကုသိုလ်သည် အကျိုးမပေးသေးသမျှ ကောင်းမှုကို နည်းသည်ဟု မမှတ်ရာ။ မိုးရေပေါက်များ ကျဖန်များသော် ရေအိုးကြီးပင် ပြည့်ရလေသကဲ့သို့ အနည်းငယ် အနည်းငယ်သာဖြစ်သော ကုသိုလ်ကိုလည်း ဆည်းပူးအားထုတ်သော ပညာရှိ အမျိုးကောင်း သားသမီးသည် ကောင်းမှုဖြင့် ပြည့်၍ နေလေသတည်း။
No comments:
Post a Comment