၁။ တန်ဆောင်မုန်းလပြည့် ပွဲတော် အမည်များ
နှစ် လ ရက်။. ဓမ္မအေးရိပ်ကျောင်းမှာ
၁။ တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်အမည်များ
မီး ထိန် မသိုး ကျီးမနိုး သာ မယ် ဤ ၆ သွယ် ထူးတယ်နေ့ဟုမှတ်
၂။ တန်ဆောင်မုန်းလပြည့်နေ့ ထူးခြားချက်များ
နောက်ဆုံး ကင်းစင် နက္ခတ်ယှဉ် စုံလင်ဆေးပေါင်းခ။.
ကုမုဒြာ ပွင့်ငွေကြာ ဟောပါသာမည
တန်ဆောင်မုန်းလ နေ့ထူးမှ ရေးချထုတ်ကာပြ
၁။ သာမညဖလသုတ်ဟောရခြင်းအကြောင်း နှင့် ရဟန်းပြုရခြင်းအကျိုး ၁၂
၂။ တရားတော်ကို ချီးမွမ်းခြင်း
၃။ အဇာတသတ်မင်း သရဏဂုံတည်
၄။ အဇာတသတ်မင်း ဝန်ခံလျှောက်ထားချက် တောင်းပန်ချက်
အဇာတသတ်မင်းအား ဗုဒ္ဓမိန့်ကြားချက်နှင့်
ဆက်စပ်ရာ တရား
ယော ဗာလော ဂါထာနှင့် ကဗျာ
ရဟန်းတော်များအား ဗုဒ္ဓမိန့်ကြားချက
သာမညဖလသုတ်နာကြားရခြင်းအကျိုး
၁။ အိပ်မပျော်သော ရောဂါဝေဒနာပျောက်
၂။ သရဏဂုံတည်
ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူဖြစ်လို့။
(ပုထုဇဉ်တွေထဲမှာ သာသနာတော်ကို ကြည်ညိုဆုံးသော ဧတဒဂ်ဘွဲ့ရ။
၃။။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ အနှစ်တစ်သိန်း မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။
၄။။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။
သာသနာအတွက် ဆောင်ရွက်ချက်
၁။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။
၂။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ၃။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။
နာမည်ကို ယဉ်ကျေးကျေးခေါ်ရန်။ အရှင်ဒေဝဒတ်ကိုလည်း ဒေဝဒတ်ဟုမသုံးနှုန်းပါနှင့်
၁။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဘုရား ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏၊
၂။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊
၃။ အသျှင်ဘုရား မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွား ခဲ့ပါ၏၊ အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသောအကြောင်းကြောင့် သတ်ခဲ့မိပါ၏၊ မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါစောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ အသျှင်ဘုရား”ဟု လျှောက်၏။
၂၅၁။ မင်းကြီး မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသောခမည်းတော်ကို သတ်ခဲ့မိ၏၊ မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာကုစားသောကြောင့် သင်၏ ထို (အပြစ်) ကို (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊ မင်းကြီး အကြင်သူသည်အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်းပင်တည်းဟု မိန့်တော်မူ၏။
၂၅၂။ ဤသို့ မိန့်တော်မူသော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည့်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ၊ အကျွန်ုပ်တို့သည် များသော ကိစ္စ များသောပြုဖွယ် ရှိပါကုန်၏”ဟု (လျှောက်၏)။
မင်းကြီး ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟုမိန့်တော်မူ၏။
ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။
၂၅၃။ ထိုအခါ မြတ်စွာဘုရားသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း ပြန်သွား၍မကြာမီ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏— “ရဟန်းတို့ ဤမင်းသည် (မိမိတည်ရာကို မိမိ) တူးဖြိုခဲ့၏၊ ရဟန်းတို့ ဤမင်းသည် (မိမိကိုယ်ကို မိမိ) ဖျက်ဆီးခဲ့၏၊ ရဟန်းတို့ ဤမင်းသည် တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော် ကိုမသတ်မိပါမူ၊ ဤမင်းအား ဤနေရာ၌ပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်) သည် ဖြစ်ပေါ်ရာ၏”ဟု မိန့်ဆိုတော်မူ၏။
မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။